Skip to main content

Find food near you

အော်ရီဂွန်တွင် စိုက်ပျိုးသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို SNAP Double Up Food Bucks ဖြင့် ပိုမိုစားသုံးပါ။ (BUR)

Fresh produce that you can get for free with Oregon Food Stamps.

လတ်ဆတ်ပြီး ဒေသတွင်းစိုက်ပျိုးသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ ပမာဏနှစ်ဆကို သင့်မိသားစုအတွက် နောက်ထပ် ကုန်ကျစရိတ် မရှိဘဲ အိမ်သို့ယူလာနိုင်သည်ကို သင်သိပါသလား။

သင်၏ (“SNAP” သို့မဟုတ် “ဖုစတင့်များ” ဟုလည်း သိကြသည့်) Oregon Trail EBT ကတ်ကို ဤအစီအစဉ်တွင် ပါဝင်သည့် တောင်သူဈေးများနှင့် အစားအစာဆိုင်များတွင် အသုံးပြုသည့်အခါ SNAP Double Up Food Bucks အစီအစဉ်သည် သင်သုံးလိုက်သည့် ဒေါ်လာတိုင်းကို နှစ်ဆပေးပါသည်။ ဤအစီအစဉ်သည် ယဉ်ကျေးမှုအရ ရင်းနှီးသော ရိုးရာအစားအသောက် အမျိုးမျိုး ရောင်းချသည့် တသီးပုဂ္ဂလပိုင်သော ဆိုင်များအပါအ၀င် အော်ရီဂွန်တစ်ဝန်း နေရာ ဒါဇင်ပေါင်းများစွာ၌ လုပ်ဆောင်နေပါသည်။ သင်၏နှစ်စဉ် (လယ်ယာမျှဝေမှု) Farm Share (CSA) အဖွဲ့ဝင်ကြေးအတွက် ကြီးမားသည့် လျှော့ဈေးအတွက်ပင် Double Up ကို အသုံးပြုနိုင်ပါသည်။

ဤအရင်းအမြစ်သည် အော်ရီဂွန်သားများအတွက် SNAP Double Up Food Bucks အကျိုးခံစားခွင့်များအပေါ် အာရုံစိုက်ပါသည်။ ဤ၀ါရှင်တန် သို့မဟုတ် အိုင်ဒါဟို တည်နေရာများ၌ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုရရှိရန်လည်း သင်၏ အော်ရီဂွန် SNAP EBT အကျိုးခံစားခွင့်များကို အသုံးပြုနိုင်ပါသည်။

ဤနေရာ၌ စကြပါစို့

Volunteer: Sign UpA raised fist holding a pencil. Illustration.

Double Up Food Bucks ကို ကျွန်ုပ်မည်သို့ ရယူရသနည်း။

သင်သည် SNAP နှင့် အကျွမ်းတ၀င်ရှိပြီး Double Up အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ပိုမိုလေ့လာနိုင်ပါသည်-

၎င်း၏လုပ်ဆောင်ပုံ

Find Support: Network

Double Up Food Bucks ကို ကျွန်ုပ် မည်သည့်နေရာတွင် အသုံးပြုနိုင်သနည်း။

သင်သည် Double Up ကို လက်ခံသည့် ဒေသန္တရဆိုင်များနှင့် တောင်သူဈေးများကို ရှာဖွေနေပါက၊ ရှာဖွေ၍ရသော ဤမြေပုံက အထောက်အကူ ပြုနိုင်ပါသည်-

အနီးအနားရှိ တည်နေရာများကို ရှာပါ

Find Support: Free Food

ကျွန်ုပ်သည် SNAP အကျိုးခံစားခွင့်များအတွက် သတ်မှတ်ချက်များနှင့် ပြည့်မီပါသလား။

အကျိုးခံစားခွင့်များအတွက် သတ်မှတ်ချက်များနှင့် ပြည့်မီခြင်း ရှိမရှိ သင်မသေချာပါက၊ သင်အကျုံးဝင်မ၀င်ကို ကြည့်ရန် ဤနေရာ၌ အထောက်အကူပြုသည့် ကိရိယာတစ်ခု ရှိပါသည်-

အကျုံးဝင်မှုကို စစ်ဆေးပါ

သင်၌ SNAP Double Up Food Bucks အကြောင်း သို့မဟုတ် ဤအစီအစဉ်က သင့်မိသားစုကို အထောက်အကူ ပြုနိုင်ပုံအကြောင်း နောက်ထပ်မေးစရာများ ရှိပါက ဆက်၍ဖတ်ပါ။

၎င်း၏လုပ်ဆောင်ပုံ

Oregon SNAP can get you more fresh produce.

တောင်သူဈေးများ၌ Double Up Food Bucks

အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ သို့မဟုတ် ဟင်းသီးဟင်းရွက် ပင်ပေါက်များ/ အစေ့များဝယ်ရန် အသုံးပြုသည့် ဒေါ်လာတိုင်းနှင့်ညီမျှသော Double Up တိုကင်များ သို့မဟုတ် ကူပွန်များကို $၂၀ အထိ အသုံးပြုပါ။

ပိုမိုလေ့လာပါ

Get double the produce at farmers markets, grocery stores and CSAs with Oregon EBT

အစားအစာဆိုင်များ၌ Double Up Food Bucks

ဤအစီအစဉ်တွင် ပါဝင်နေသည့် အစားအစာဆိုင်၌ Double Up ကို အသုံးပြုနိုင်ပုံအကြောင်း သင်ယူရန် ထိုဆိုင်ရှိ ၀န်ထမ်းတစ်ဦးကို မေးပါ။ အစားအစာဆိုင်များ၌ သင်သည် ကူပွန်၊ ဆိုင်ကတ်ပြား သို့မဟုတ် အလိုအလျောက် လျှော့ဈေးတို့မှတစ်ဆင့် သင်၏ Double Up ကို ရရှိနိုင်ပါသည်။

ပိုမိုလေ့လာပါ

Get more shallots and onions with your food stamps in Oregon.

သင်၏ (လယ်ယာမျှဝေမှု) Farm Share/CSA ၌ Double Up Food Bucks

ပုံစံတိုတစ်ခုကို ဖြည့်ပြီးနောက် သင်၏ Oregon Trail Card ၏ SNAP အစားအစာ အကျိုးခံစားခွင့်များကို အသုံးပြု၍ သင်၏ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ ၀ယ်ယူသည့်အခါ Double Up Food Bucks ကို အလိုအလျောက် သုံးလိုက်နိုင်ပါသည်။

ပိုမိုလေ့လာပါ

မေးလေ့မေးထ မေးခွန်းများ

SNAP Double Up Food Bucks ဆိုသည်မှာ အတိအကျအားဖြင့် အဘယ်နည်း။

(တရားမျှတသည့် အစားအစာ ကွန်ရက်) Fair Food Network ၏ နိုင်ငံတော် စံပုံစံကို လိုက်လျောညီထွေအောင် ပြုပြင်ထားသော အော်ရီဂွန် Double Up Food Bucks သည် ၀င်ငွေနည်းပါးသည့် အော်ရီဂွန်သားများအနေဖြင့် တောင်သူမိသားစုများနှင့် ဒေသန္တရ စီးပွားရေးများကို ပံပိုးရင်း အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသောက်ရန်အတွက် လွယ်ကူစေပါသည်။ Double Up သည် အော်ရီဂွန်၏ ပထမဆုံးသော ပြည်နယ်တစ်ဝန်း အားပေးသည့် အစီအစဉ်ဖြစ်ပြီး ဈေးဝယ်သူများအတွက် အဆင်ပြေစေရန် စီမံထားပါသည်။ ဤအစီအစဉ်၌ ပါဝင်သည့် တောင်သူဈေးများ၊ အစားအစာဆိုင်များနှင့် (လူမှုအသိုက်အ၀န်းမှ ပံ့ပိုးသည့် စိုက်ပျိုးရေး) CSA လယ်ယာများ၌ ၀ယ်ယူသူများမှ အိမ်သို့ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ ပိုမိုယူလာနိုင်စေရန် ဤအစီအစဉ်သည် (တစ်ခါတစ်ရံ၌ “SNAP” သို့မဟုတ် “ဖုစတင့်” ဟု ခေါ်သည့်) အာဟာရ ဖြည့်ဆည်းပေးသည့် အထောက်အကူပြု အစီအစဉ် အကျိုးခံစားခွင့်များ၏ တန်ဖိုးကို နှစ်ဆတိုးမြှင့်ပေးပါသည်။ လောလောဆယ် Double Up ကို ပြည်နယ်တစ်ဝန်း တောင်သူဈေး တည်နေရာ ၈၅ ခုကျော်၊ အစားအစာဆိုင် ၃၅ ခုနှင့် CSA လယ်ယာ ၄၀ ကျော်တွင် ပေးထားပြီး ဤအစီအစဉ်တွင် တည်နေရာသစ်များ နှစ်စဉ် ပါဝင်လာနေပါသည်။

Double Up နှင့် SNAP မည်သို့ ဆက်နွှယ်နေသနည်း။

အာဟာရ ဖြည့်ဆည်းပေးသည့် အထောက်အကူပြု အစီအစဉ် (SNAP) သည် ၀င်ငွေနည်းပါးသည့်အခါ အစားအစာဝယ်ရန် အစိုးရမှ ထောက်ပံ့သည့် အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ အကျိုးခံစားခွင့်များကို “Oregon Trail ကတ် ဟုလည်း အချို့က ခေါ်ကြသည့်” SNAP EBT ကတ်သို့ ထည့်ပေးပါသည်။ ထိုကတ်သည် ဒဲဘစ်ကတ်နှင့် အတူတူပင် လုပ်ဆောင်သော်လည်း အစားအစာ ထုတ်ကုန်များအတွက်သာ ငွေကို သုံးနိုင်ပါသည်။

လူတိုင်း၏ EBT ကတ်တွင် ၎င်းတို့၏ ကိုယ်ပိုင်ဝင်ငွေနှင့် မိသားစု အခြေအနေအပေါ် အခြေခံ၍- လူလွတ်တစ်ဦးတည်း ရှိသည့် အိမ်ထောင်စုအတွက် တစ်လလျှင် $၂၃၄ သို့မဟုတ် လူလေးဦးရှိ မိသားတစ်စုအတွက် $၇၈၂ အထိ ပမာဏကွဲပြား၍ ပေးထားပါသည်။ သင်၏လျှောက်လွှာကို ခွင့်ပြုသည့်အခါ အသေးစိတ် အချက်အလက်များကို ရရှိပါမည်။ လစဉ် သင့်အား SNAP အစီအစဉ်တွင် စာရင်းသွင်းထားပြီး ဤပမာဏကို သင်၏ကတ်ပြားတွင် ထည့်ပေးမည်ဖြစ်ပြီး အစားအစာ ၀ယ်ရန် အသုံးပြုနိုင်ပါသည်။ အသုံးမပြုသည့် ငွေများကို သင်၏ကတ်ပြားသို့ ငွေထည့်သည့် ရက်စွဲမှ တစ်နှစ်အထိ ရရှိနိုင်ပါသည်။

ထို့အပြင် ဆိုင်အများအပြားနှင့် တောင်သူဈေးများသည် SNAP ရရှိသူများအတွက် Double Up Food Bucks အစီအစဉ်တွင် ပါဝင်ကြပြီး၊ ယင်းအစီအစဉ်က ဒေသတွင်း စိုက်ပျိုးသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအတွက် နေ့စဉ် $၂၀ အထိ မိမိသုံးသည့် ငွေနှင့်ညီမျှသည့် ပမာဏ ထပ်၍ပေးပါသည်။ SNAP ကတ်ပြားပိုင်ရှင်များက ဤအစီအစဉ်၌ ပါဝင်သည့် ဆိုင်များ၊ တောင်သူဈေးများနှင့် အစားအစာ သမ၀ါယမဆိုင်များ၌ လတ်ဆတ်သည့် သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ ၀ယ်သည့်အခါ SNAP ရှိ $၁ တိုင်းအတွက် Double Up တွင် $၁ ရရှိပါသည်။ ဤအစီအစဉ်၌ ပါဝင်နေပြီး ဇစ်ကုတ်အလိုက် ရှာဖွေနိုင်သော ဆိုင်များ၏ မြေပုံအတွက် ဤနေရာတွင် နှိပ်ပါ။

SNAP Double Up Food Bucks အကျိုးခံစားခွင့်များကို မည်သည့်အတွက် ကျွန်ုပ်အသုံးပြုနိုင်သနည်း။

အစားအစာရောင်းသည့် ဆိုင်များတွင် Double Up ကို အောက်ပါတို့ ၀ယ်ယူရန် အသုံးပြုနိုင်ပါသည်-

  • လတ်ဆတ်သည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ

  • လတ်ဆတ်သည့် ဟင်းခတ်အမွှေးအကြိုင်ပင်များ

  • မှိုများ

  • ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် အသီး အပင်ပေါက်များ

  • ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်ပင် သို့မဟုတ် အသီး အစေ့များ

တောင်သူဈေးများ၌ Double Up ကို အောက်ပါတို့အတွက် အသုံးပြုနိုင်ပါသည်-

  • လတ်ဆတ်သည့် သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ

  • လတ်ဆတ်သည့် ဟင်းခတ်အမွှေးအကြိုင်ပင်များေ

  • အးခဲထားသည့် သီးနှံနှင့် ဟင်းသီးဟင်းရွက်များနှင့် အခြောက်ခံထားသော သီးနှံနှင့် ဟင်းသီးဟင်းရွက်များ

  • မှိုများ

  • ပဲများ

  • ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် သီးပင်ပေါက်များ

  • ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် သီးနှံပင် စေ့များ

Double Up ကို အောက်ပါတို့အတွက် အသုံးမပြုနိုင်ပါ-

  • ဆား၊ သကြား၊ အဆီ သို့မဟုတ် ဆီ ထပ်ထည့်ထားသည့် မည်သည့် အသီးအနှံ သို့မဟုတ် ဟင်းသီးဟင်းရွက် ထုတ်ကုန်မဆို

  • ဥပမာ စည်သွပ်ထားသည့် သီးနှံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များ၊ အိတ်နှင့်ထည့်ထားပြီး စားမြိန်ရည်ပါရှိသော အသင့်သုပ်စားရန် အရာများ၊ အသီးအနှံ လှီးထည့်ထားသော ခွက်များ သို့မဟုတ် သကြားထပ်ထည့်ထားသော သစ်သီးရည်များ။

SNAP Double Up မှပေးသည်ထက် ပိုမို၍ အစားအစာ အကူအညီ လိုအပ်ပါက ကျွန်ုပ်တို့၏ FoodFinder ကိရိယာမှာ စတင်ရန် အလွန်ကောင်းမွန်သည့် နေရာဖြစ်သည်။ အစားအသောက် အခမဲ့ပေးသည့် ဈေးများ၊ အစားအစာ ပေးဝေသည့် နေရာများနှင့် အစာကျွေးသည့် နေရာများဖြင့် Oregon Food Bank ကွန်ရက်သည် SNAP တွင် မပါဝင်သည့် အရင်းအမြစ်အချို့ကို ရယူနိုင်ကြောင်း သေချာစေပါသည်။
မည်သူသည် SNAP Double Up Food Bucks အကျိုးခံစားခွင့်များနှင့် အကျုံးဝင်သနည်း။

သင့်ကတ်ပြားမှာ မည်သည့်နေရာမှဖြစ်စေ SNAP အသုံးပြုသူ အားလုံးသည် Double Up Food Bucks ကို ရရှိနိုင်ပါသည်။ ဥပမာ ၀ါရှင်တန် SNAP ကတ်ပြားရှိသော ၀န်ဆောင်မှု ယူသူများသည် အော်ရီဂွန်အခြေစိုက် အစားအစာဆိုင် သို့မဟုတ် တောင်သူဈေး၌ Double Up အကျိုးခံစားခွင့်များကို အသုံးပြုနိုင်ပါသည်။ Double Up Food Bucks အကြောင်း ဤနေရာတွင် ပိုမိုလေ့လာပါ

သင်ရရှိသော SNAP အဓိက ထောက်ပံ့ကြေးများမှာ သင်၏၀င်ငွေ၊ သင်ဝယ်ယူသည့် အစားအစာများကို မျှဝေစားသုံးသော သင့်အိမ်ထောင်စုရှိ လူအရေအတွက်တို့အပေါ် အခြေခံထားသည်ကို သတိပြုပါ။ သို့ရာတွင် သင်ဈေးဝယ်သည့်နေရာကို အခြေခံ၍ သုံးငွေနှင့်အညီ ပေးသော Double Up ပမာဏ အများဆုံးကို လူတိုင်း ရရှိနိုင်ပါသည်။ SNAP အကျုံးဝင်မှု လမ်းညွှန်ချက်များအကြောင်း နောက်ထပ် အချက်အလက်များကို ကျွန်ုပ်တို့၏ အရင်းအမြစ် စာမျက်နှာတွင် ကြည့်ရှုစစ်ဆေးပါ။

Double Up Food Bucks ကို ငွေကြေး မည်သို့ထောက်ပံ့၍ မည်သို့လည်ပတ်သနည်း။

Oregon Food Bank ၊ တောင်သူဈေး ရန်ပုံငွေ၊ အနောက်မြောက် ပစိဖိတ် CSA ညွန့်ပေါင်းနှင့် အော်ရီဂွန် တောင်သူဈေးများ အသင်းတို့မှ ပူးပေါင်း၍ Double Up Food Bucks ကို ဖြစ်စေပါသည်။ ပြည်နယ်တစ်ဝန်း တောင်သူဈေး တည်နေရာ ၈၅ ခုကျော်၊ အစားအစာဆိုင် ၃၅ ဆိုင်နှင့် လယ်ယာ ၄၀ ကျော်တို့တွင် ကျွန်ုပ်တို့ အတူတကွ Double Up ကို ပံ့ပိုးပါသည်။

ပုဂ္ဂိုလ်တစ်ဦးချင်း၊ ဖောင်ဒေးရှင်းနှင့် လူမှုအသိုက်အ၀န်းဖြင့် လှူဒါန်းသူများက ကျွန်ုပ်တို့အား ၀င်ငွေနည်းပါးသည့် လူမှုအသိုက်အ၀န်းဝင် ထောင်ပေါင်းများစွာကို ဒေသခံ တောင်သူများနှင့် အစားအစာ ထုတ်လုပ်သူများထံမှ အာဟာရနှင့် ပြည့်ဝသော အစားအစာများ ပေးလျှက် ပြည်နယ်တစ်ဝန်း ရှင်သန်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်စေပါသည်။ Double Up အစီအစဉ်ကို USDA နိုင်ငံတော် အစားအသောက်နှင့် စိုက်ပျိုးရေး အဖွဲ့အစည်း ထံမှ Gus Schumacher အာဟာရ အားပေးမှု ထောက်ပံ့ကြေး အစီအစဉ် အမှတ် ၂၀၂၀-၇၀၀၃၀-၃၃၁၈၃/ ၁၀၂၄၃၇၄ နှင့် ၂၀၂၂-၇၀၄၁၅-၃၈၅၇၀/ ၁ဝ၂၉၃၀၉ အပြင် Gus Shcumacher အာဟာရ အားပေးမှုအစီအစဉ် COVID ကယ်ဆယ်ရေးနှင့် တုံ့ပြန်မှု ထောက်ပံ့ကြေး အစီအစဉ်အမှတ် ၂၀၂၁-၇၀၀၃၄-၃၅၃၆၉/၁၀၂၇၀၇၁ တို့မှလည်း ပံ့ပိုးထားပါသည်။

အစားအစာဆိုင်များ၌ Double Up ကို မည်သို့အသုံးပြုရသနည်း။

ပြည်နယ်တစ်ဝန်းတွင် ဤအစီအစဉ်၌ပါဝင်နေသည့် အစားအစာဆိုင်များ၌ အကျုံးဝင်သောအရာများကို ၀ယ်ယူသည့်အခါ Double Up ဒေါ်လာများကို အသုံးပြုနိုင်ပါသည်။ အစီအစဉ်တွင် ပါဝင်နေသော အစားအစာဆိုင်သို့သာ သင်၏ SNAP EBT ကတ်ကို သင်နှင့်အတူ ယူလာပြီး သင်အနှစ်သက်ဆုံး အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ၀ယ်ယူပါ။ လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုဝယ်ယူနိုင်ရန်အတွက် SNAP မှ သင် $၁ အသုံးပြုတိုင်း Double Up Food Bucks ၏ $၁ ကို အရောင်းအ၀ယ် တစ်ကြိမ်လျှင် $၂၀ အထိ ရရှိုပါမည်။ အစားအစာဆိုင်များတွင် သင်သည် Double Up ကို ကူပွန်၊ ဆိုင်၏ကတ် သို့မဟုတ် အလိုအလျောက် လျှော့ဈေးတို့အားဖြင့် ရရှိနိုင်ပါသည်။ ဤအစီအစဉ်၌ ပါဝင်နေသော ဆိုင်တစ်ဆိုင်တွင် Double Up ရယူပုံ အတိအကျကို သိရှိရန် ငွေကိုင် သို့မဟုတ် ၀န်ထမ်းတစ်ဦးအား မေးပါ။ အစားအစာဆိုင်၌ Double Up အသုံးပြုပုံအကြောင်း နောက်ထပ် အသေးစိတ် အချက်အလက်များကို Double Up Food Bucks ၀ဘ်ဆိုဒ်တွင် ရယူနိုင်ပါသည်။

Double Up သည် တောင်သူဈေးများတွင် မည်သို့ လုပ်ဆောင်သနည်း။

ပြည်နယ်တစ်ဝန်း ဤအစီအစဉ်၌ ပါဝင်နေသည့် တောင်သူဈေးများ၌ အကျုံးဝင်သော အရာများကို ၀ယ်သူသည့်အခါ Double Up ဒေါ်လာများကို အသုံးပြုနိုင်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်နေသော တောင်သူဈေးသို့ သင်၏ SNAP EBT ကတ်ကိုသာ ယူလာပြီး သင်ဈေးစတင်မ၀ယ်မီ အချက်အလက်များ ပေးသည့် ရုံငယ်သို့ သွားပါ။ လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုဝယ်ယူနိုင်ရန်အတွက် SNAP မှ သင် $၁ အသုံးပြုတိုင်း Double Up Food Bucks ၏ $၁ ကို အရောင်းအ၀ယ် တစ်ကြိမ်လျှင် $၂၀ အထိ ရရှိုပါမည်။ ဥပမာ သင်သည် SNAP အကျိုးခံစားခွင့်များမှ $၂၀ သုံးပါက သင်သည် နောက်ထပ် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ၀ယ်ယူရန် အခမဲ့ အပိုငွေ $၂၀ ရရှိပါမည်။

တောင်သူဈေးအများစုတွင် Double Up တိုကင်/ကူပွန်များသည် တစ်ခုလျှင် $၂ တန်သည့်အတွက် SNAP အကျိုးခံစားခွင့်များမှ စုံဂဏန်းဒေါ်လာများဖြင့် ၀ယ်ယူသည့်အခါ ၎င်းနှင့်အညီပေးသည့်ငွေ အပြည့်အ၀ ရရှိကြောင်း သေချာစေပါမည်။ ဥပမာ သင်ဝယ်ယူသည့်အခါ SNAP မှ $၅ သုံးလျှင် သင်သည် Double Up $၄ သာလျှင် ရရှိပါမည်။ သို့သော် SNAP မှ $၆ တောင်းဆိုပါက Double Up မှ $၆ အပြည့် ရရှိပါမည်။

တစ်နေ့တာအတွက် Double Up မှ လိုက်ဘက်၍ပေးသည့် ငွေစုစုပေါင်းသည် တောင်သူဈေးတည်နေရာကို အခြေခံ၍ ကွဲပြားပါသည်။ သင်ဈေးဝယ်သည့်အခါ နေ့စဉ် လိုက်ဘက်၍ပေးသည့် အကန့်အသတ်ကို သိရှိရန် ဤအစီအစဉ်၌ ပါဝင်နေသည့် အစားအစာဆိုင်များ၊ တောင်သူဈေးများနှင့် CSA များစာရင်း အစုံအလင်ကို စစ်ဆေးကြည့်ရှုပါ။ တောင်သူဈေးများတွင် Double Up ကို အသုံးပြုပုံအကြောင်း နောက်ထပ် အသေးစိတ် အချက်အလက်များကို Double Up Food Bucks ၀ဘ်ဆိုဒ်တွင် ရယူနိုင်ပါသည်။

ကျွန်ုပ်၏ လူမှုအသိုက်အ၀န်းမှ ပံ့ပိုးသော စိုက်ပျိုးရေး (CSA) အစီအစဉ်အတွက် Double Up Food Bucks ကို မည်သို့ ရယူနိုင်သနည်း။

CSA အစီအစဉ်များသည် မဂ္ဂဇင်းအတွက် လစဉ်ကြေးများကဲ့သို့ ဖြစ်သော်လည်း အစားအစာအတွက် ဖြစ်သည်။ အပတ်တိုင်း တောင်သူသည် သင်၏အရပ်ထဲရှိ အဆင်ပြေသည့် နေရာများသို့ လတ်ဆတ်၍ အာဟာရနှင့် ပြည့်ဝသော အစားအစာ အမျိုးမျိုး ပေးပို့ပါမည်။ ဤအစီအစဉ်တွင် ပါဝင်နေသောလယ်ယာမှ CSA/လယ်ယာ မျှဝေခြင်းကို ၀ယ်ယူရန်အတွက် သင်၏ Oregon Trail ကတ်ဖြင့် SNAP အစားအစာ အကျိုးခံစားခွင့်များကို အသုံးပြုလျှင် သင်ငွေပေးချေသည့်အခါ Double Up Food Bucks ကို အလိုအလျောက် သုံးပါသည်။ သင်လက်မှတ်ထိုးပြီး စာတိုက်မှ ပြန်ပို့ရန် ပုံစံတိုတစ်စောင် ရှိနိုင်သော်လည်း ယေဘုယျလုပ်ငန်းစဉ်မှာ ရိုးရှင်း၍ လွယ်ကူပါသည်။ CSA တစ်ခုအတွက် Double Up ကိုအသုံးပြုပုံနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် အချက်အလက်များကို အနောက်မြောက် ပစိဖိတ် CSA အသင်းထံမှ ရယူနိုင်ပါသည်။

သင်၏အတွေ့အကြုံနှင့် ထောက်ခံပြောဆိုမှုတို့မှာ အရေးကြီးပါသည်။

ငတ်မွတ်မှုနှင့် ရင်ဆိုင်နေသော လူများကို ကျွန်ုပ်တို့ချမှတ်သော ဆုံးဖြတ်ချက်တိုင်း၏ အလယ်ဗဟိုတွင် ထားရှိပါသည်။

ကျွန်ုပ်တို့အားလုံး၌ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ ရရှိနိုင်ကြောင်း သေချာစေရာ၌ Double Up Food Bucks ကဲ့သို့သော အစီအစဉ်များက မယုံကြည်နိုင်လောက်အောင် အရေးကြီးပါသည်။ သို့သော် ငတ်မွတ်မှုကို အမှန်တကယ် အဆုံးသတ်ရန် အစားအစာ အထောက်အကူ တစ်ခုတည်းဖြင့် မလုံလောက်ကြောင်းကို ဆယ်စုနှစ်များစွာ အတွေ့အကြုံအရ ကျွန်ုပ်တို့ သိရပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့၏ လူမှုအသိုက်အ၀န်းတွင် ငတ်မွတ်မှု ဖြစ်စေသည့် မူဝါဒများနှင့် စနစ်များကို ပြောင်းလဲရန် ကျွန်ုပ်တို့ အလွန်ကြိုးစားခြင်း ဖြစ်သည်။ ငတ်မွတ်မှုကို အမြစ်မှနေ၍ ပပျောက်စေရေး တိုက်ပွဲတွင် သင်ပါဝင်နိုင်ပုံအကြောင်းကို လေ့လာရန် လုပ်ဆောင်မှု သတိပေးချက်များအတွက် စာရင်းပေးပါ။

ထပ်ဆောင်း အာဟာရ အထောက်အပံ့ အစီအစဉ် (အက်စ်အန်အေပီ) နှင်ံ့ အိန္ဒိယန်း ရီဇာဗေးရှင်း (အက်ဖ်ဒီပီအိုင်အာ)

အတွက် အစားအစာ ဖြန့်ချိရေး အစီအစဉ်အတွက် ပြည်နယ် သို့မဟိုတ် ဒေသန္တရ အေဂျင်စီများ နှင်ံ့ ၎င်းတို့၏

လက်အောက်ခ များအနေဖြင်ံ့ အောက်ပါ ခွဲခြားမဆက်ဆ ခြင်း ဖော်ပြချက်ကို မဖြစ်မနေ ပြထားရမည်။

ပြည်ထောင်စို မြို့ပြအခွင်ံ့အရေး ဥပဒေ နှင်ံ့ အမေရိက စိုက်ပျိုးရေးဌာန (ယူအက်စ်ဒီအေ) မြို့ပြအခွင်ံ့အရေးဆိုင်ရာ

စည်းမျဉ်းစည်းကမ်းများ နှင်ံ့ မူဝါဒများအရ ဤအဖွဲ့အစည်းသည် လူမျိုး၊ အသားအရောင်၊ မူလနိုင်င ၊ ကျားမ

(လိင်ရပ်တည်ချက် နှင်ံ့ လိင်ကိုင်းညွန့်မှုအပါအ၀င်)၊ ဘာသာရေးခ ယူကိုးကွယ်မှု၊ ချို့ယွင်းချက်၊ အသက်၊ နိုင်င ရေး

ယို ကြည်ချက် သို့မဟိုတ် ယခင် မြို့ပြအခွင်ံ့အရေးလှုပ်ရှားမှုများအတွက် လက်တို့ ပြန်ခြင်း သို့မဟိုတ် လက်စားချေခြင်း

အပေါ်အခြေခ ပြီး ခွဲခြားဆက်ဆ ခြင်းကို တားမြစ်ပါသည်။

အစီအစဉ် အချက်အလက်များကို အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားများဖြင်ံ့လည်း ရှိပါသည်။

ကိုယ်အင်္ဂါမသန်စွမ်း သူများအနေဖြင်ံ့ အစီအစဉ်၏ အချက်အလက်များကို သိရန် အခြားဆက်သွယ်ရေးနည်းလမ်းများ

(ဥပမာ။ ။ မျက်မမြင်စာ၊ ပိုကြီးသော စာလိုး၊ အသ တိတ်၊ အမေရိကန် သင်္ကေတဘာသာစကား)ကို လိုအပ်လျှင် ၎င်းတို့က

အကျိုးခ စားခွင်ံ့များကို လျှောက်ထားသော အေဂျင်စီ (ပြည်နယ် သို့မဟိုတ် ဒေသန္တရ)ကို ဆက်သွယ်နိုင်သည်။

နားမကြားသော၊ အကြားအာရိုံ အခက်အခွဲရှိသော သို့မဟိုတ် စကားပြောချို့ယွင်းချက်များရှိသောသူများအနေဖြင်ံ့

ယူအက်စ်ဒီအေ ထ သို့ ပြည်ထောင်စို ရီလေး ဝန်ဆောင်မှု (800) 877-8339 မှတစ်ဆင်ံ့ဆက်သွယ်နိုင်သည်။

အစီအစဉ်နှင်ံ့ပတ်သက်ပြီး ခွဲခြားဆက်ဆ ခ ရမှုကို တိုင်တန်းရန် တိုင်တန်းသူသည် အွန်လိုင်းတွင်

https://www.fns.usda.gov/sites... မှ၊

ယူအက်စ်ဒီအေ ရိုံး ထ မှ၊ (833) 620-1071 ထ သို့ဖိုန်းဆက်ပြီး သို့မဟိုတ် ယူအက်စ်ဒီအေထ သို့စာရေးပြီး

ရယူနိုင်သော ယူအက်စ်ဒီအေ အစီအစဉ်နှင်ံ့ပတ်သက်ပြီး

ခွဲခြားဆက်ဆ ခ ရမှုအကြောင်းတိုင်းတန်းသည်ံ့ပို စ ပို စ AD-3027 ကိုဖြည်ံ့စွက်ရမည်။ စာတွင် တိုင်တန်းသူ၏အမည်၊

လိပ်စာ၊ ဖိုန်းန ပါတ် နှင်ံ့ မြို့ပြအခွင်ံ့အရေးအတွက် လက်ထောက်အတွင်းရေးမး (အေအက်စ်စီအာ) အား

မြို့ပြအခွင်ံ့အရေးကို ချိုးဖောက်ခ ရသည်ံ့ အခြေအနေ၊ ရက်စွဲ နှင်ံ့ အကျိုးအကြောင်းကို နားလည်သဘောပေါက်ရန်

လို လောက်သော အသေးစိတ်အချက်အလက်များ ပါဝင်ရမည်။ ဖြည်ံ့စွက်ပြီးသော AD-3207 ပို စ သို့မဟိုတ်စာကိုေ

အာက်ပါလိပ်စာသို့ အောက်ပါနည်းလမ်းများဖြင်ံ့မဖြစ်မနေ ပေးပို့ပါ။

1. စာတိုက်မှတစ်ဆင်ံ့
Food and Nutrition Service, USDA
1320 Braddock Place, Room 334
Alexandria, VA 22314; သို့မဟိုတ်

2. ဖက်စ်ဖြင်ံ့
(833)-256-1665 သို့မဟိုတ်(202)-690-7442; သို့မဟိုတ်

3. အီးမေးလ်ဖြင်ံ့
FNSCIVILRIGHTSCOMPLAINTS@usda.gov
ဤအဖွဲ့အစည်းသည် အခွင်ံ့အရေးတန်းတူညီတူပေးသည်ံ့ အဖွဲ့အစည်းတစ်ခိုဖြစ်ပါသည်။

Related posts

Oregon Food Bank logo

News

Six Insights from Leaders this AAPI Heritage Month

Oregon Food Bank logo

News

Oregon Food Bank Statement Calling for a Ceasefire of Israel’s Violence against Palestinians

News

Food for All Oregonians Summit Champions Food as a Human Right

Email sign-up

Stay connected

Sign up to receive emails with updates, resources and ways to get involved.